Sunday, March 15, 2015
ခါးသက်တဲ့ အမှန်တရားတွေ မပြောချင်ဘူး
ကိုယ့် သမ္မတ မကောင်းကြောင်း ကိုယ့်အစိုးရမကောင်းကြောင်းတွေ မပြောချင်ပါဘူး..
ဒါတွေပြောရတာ ကိုယ့်ပေါင်ကို လှန်ထောင်းရသလို မလှတာရွာလည်ပြရသလို ရင်နာစရာလဲကောင်း အရမ်းရှက်စရာလဲကောင်းပါတယ်..
တကယ်ဆို ကျနော်တို့နိုင်ငံက ဘယ်လိုတိုးတက်တာဗျ..
ကျနော်တို့ အစိုးရက အရမ်းကောင်းတာဗျ..
ကျနော်တို့ သမ္မတကြီးက အရမ်းတော်တာဗျလို့
ကမ္ဘာ့အလည်မှာ ခေါင်းမော့ရင်ကော့ပြီး ပြောချင်တာ ကျနော်တစ်ယောက်ထဲ မဟုတ်ပါဘူး
မြန်မာပြည် တိုးတက်ရေးလိုလားကြတဲ့ မြန်မာနိုင်ငံသား အားလုံး ဖြစ်မယ်လို့ ယုံကြည်တယ်..
ခုတော့ ကျနော်တို့ ပြောချင်တဲ့ စကားတွေ ခုထိပြောခွင့်မရခဲ့ဘူး
ကျနော်တို့ မပြောချင်တဲ့ ခါးသက်တဲ့ အမှန်တရားတွေ မပြောချင်ပေမယ့် ပြောနေရတယ်..
အစိုးရလူကြီးမင်းများခင်ဗျာ ၁ လ သိန်းတရာမှ လောက်မယ်ဆို သိန်းတရာ ယူပါ၊ ၁လသိန်းတထောင်မှလောက်မယ်ဆိုရင် သိန်းတထောင်ယူပါ
လာဘ်မစားဘဲ တိုင်းပြည်ကိုရောင်းမစားဘဲ တိုင်းပြည် တိုးတက်အောင် လုပ်ပေးကြပါ ခင်ဗျား
ခါးသက်တဲ့ အမှန်တရားတွေ ဆက်မပြောပါရစေနဲ့ဗျာ ကျနော်တို့ ပြည်သူတွေ ရင်နာရတာတွေ ဘဝနာရတာတွေ များလှပါပြီဗျာ
လင်းဝေ
No comments:
Post a Comment