စစ်သားကောင်းဆိုတာ
စစ်သားကောင်းဆိုတာ
စစ်သားကောင်းဆိုတာ
တိုင်းပြည်ကို ကာကွယ်ရမယ် ပြည်သူကိုစောင့်လျှောက်ရမယ်
အခွင့်အရေးကိုမကြည့် တာဝန်ပဲကြည့်ပြီး
တိုင်းပြည်နဲ့ လူမျိုးအတွက်ဆို အသက်ပေးဖို့
ဝန်မလေးရဘူး
အဲဒီလိုစိတ်မျိုးနဲ့ပဲ တကယ်ဝါသနာပါမှ တကယ်တိုင်းပြည်အတွက်
ပေးဆပ်ရဲမှ စစ်ထဲဝင်သင့်တယ်
အခွင့်အရေးရချင်လို့ စစ်ထဲဝင်တာမျိုး မဖြစ်သင့်ဘူး
ဒါတွေကို မိဘတွေကလည်း နားလည်ရမယ်
ဆယ်တန်းအောင်ပြီးစ လောကကြီးအကြောင်း ဘာမှနားမလည်ရှာသေးတဲ့
ကိုယ့်သားလေးတွေကို ဝါသနာမပါဘဲနဲ့ စစ်ထဲအတင်း
မဝင်ခိုင်းသင့်ဘူး
ခုတော့ ကလေးတွေဟာ အသိပညာ အတတ်ပညာတွေ သင်ရမည့်
အချိန် မသင်ချင်တာတွေသင် မလုပ်ချင်တာတွေလုပ်ရင်း ဘဝသေသွားကြတဲ့ လူငယ်တွေ ဘယ်လောက်တောင်များနေပြီလဲ..
စနစ်မကောင်းလို့ ကျနော်တို့ စစ်တွေတိုက်နေရတာပါ
စစ်ကိုမုန်းတာထက် စနစ်ကိုမုန်းတာပါ
တကယ်တော့ ဒီစနစ်ကို မကြိုက်ဘူးဆိုပြီး ဒီစနစ်ဆိုးကို
သက်ဆိုးရှည်အောင် အားပေးနေကြတာလဲ ဒီပြည်သူတွေပါပဲ
စစ်သားဆိုတာ တပ်မတော်ဆိုတာ တိုင်းပြည်အတွက်
မရှိမဖြစ်ပါ
ဒါပေမယ့် သူနေရာနဲ့သူပဲ ရှိသင့်တာပေါ့
ခုတော့ နေရာတကာဝင်ပါလို့ ပြဿာနာတွေက ပိုရှုပ်ထွေးကုန်တယ်
အစိုးရ တရပ်ဟာ သူ့နေရာနဲ့သူ ထူးချွန်တဲ့သူတွေကို
လွတ်လပ်စွာ စီမံခွင့် ဆုံးဖြတ်ခွင့်တွေပေးပြီး မြှောက်စားမှ တိုင်းပြည် တိုးတက်မယ်
ခုတော့ မဆိုင်တဲ့ နားမလည် မတတ်ကျွမ်းတဲ့သူတွေက
ကန့်လန့်ခံပြီး ချုပ်ကိုင်နေတော့ ပိုပိုဆိုးလာခဲ့တယ်
တကယ် စစ်သားဆန်တဲ့ တိုင်းပြည်အတွက် တကယ်စေတနာထား
ပေးဆပ်သွားကြတဲ့ ပေးဆပ်နေကြတဲ့ တကယ့်စစ်သားကောင်းတွေအားလုံးကို တကယ် လေးစားတယ်
ဒါပေမယ့် ကိုယ်ကျိုးပဲကြည့်ုပြည်သူကိုရက်စက်တဲ့
ဓားပြဆန်တဲ့ စစ်သားတွေကိုတော့ ဓားပြတွေထက်ရွံတယ်ဗျာ
တကယ်တော့ စစ်သားဆိုတာလဲ ပြည်သူကနေ ဖြစ်လာတဲ့
လက်နက်ကိုင် ပြည်သူပါပဲ
ဒါကို ယုတ်မာတဲ့ အစိုးရက
စစ်သားနဲ့ပြည်သူဆိုပြီး
ရက်ရက်စက်စက်
သွေးခွဲထားခဲ့ကြတယ်
အကျင့်ပျက်စစ်သားတွေကြောင့် စစ်သားကောင်းတွေပါ
နာမည်ပျက်ရတယ်
စစ်သားကောင်းတွေ ပြည်သူတွေနဲ့ ပူးပေါင်းစေချင်တယ်
အကျင့်ပျက် စစ်သားတွေကို နှိုပ်ကွပ် စေချင်တယ်
လူဆိုတာ ကိုယ့်ယုံချက်နဲ့ကိုယ် ရှင်သန်ရမယ် သူများယုံကြည်ချက်ကို အကြိုက်လိုက်လုပ်နေရင်
ဖေါ်လန်ဖားဖြစ်သွားမှာပဲ ယုံကြည်ချက်မှန်ဖို့တော့ လိုတာပေါ့..
အထက်ဖားအောက်ဖိ ဖောလျော သာပေါင်းညာစားသမားများမဖြစ်ဖို့
လိုတယ်
ဗိုလ်ချုပ်အောင်ဆန်းလို ရိုးသားမှု/
ပေးဆပ်မှု/စေတနာ/တာဝန်ယူမှု/သတ္တိ/စိတ်ဓာတ်မျိုးတွေရှိတဲ့ စစ်သားကောင်းတွေ
များများလိုတယ်..
ကျနော်တို့ မြန်မာနိုင်ငံကြီး သာယာတိုးတက်အောင်
စစ်သားကောင်းတွေနဲ့ နိုင်ငံသားကောင်းတွေ
အများကြီး လိုအပ်တယ်
လင်းဝေ
No comments:
Post a Comment