တန်ရဲ့လား..
ချွေးစက် ချွေးပေါက်တွေ..
အထီးကျန် နေ့ရက်တွေ...
ဖိအားတွေအောက်က ..
မွန်းကြတ်နေတဲ့ ရှင်သန်မှုတွေ...
သားတကွဲ..မယားတကွဲ..
ချစ်သူတကွဲ..ရည်းစားတကွဲ..
မိဘတကွဲ ..မိသားစုတကွဲ...
တစ်နှစ်တစ်ခေါက်တောင်
ကိုယ့်အိမ်ကို ပြန်မရောက်နိုင်တဲ့
အလွမ်းနဲ့ ...
မျက်ရည်တောက်တောက် ကျခဲ့ရတဲ့
ညတွေ..
.ဒါတွေဟာ
“ဒေါ်လာ” ဆိုတဲ့
စက္ကူစာရွက်တွေအတွက်..
ငါတို့ ပေးဆပ်လိုက်ရတဲ့
အဆိပ်တက်နေ့ရက်တွေ...
တခါတခါကျတော့
ကမ္ဘာကြီးဟာ
ပေးရတာကများများ
ပြန်ရတာကနဲနဲ ..
ငါပေးလိုက်ရတွေနဲ့
ငါရလိုက်တာတွေဟာ
တန်ရောတန်ရဲ့လားလို့..
.ငါ့ကိုယ်ငါ ခဏခဏယူကြုံးမရ..
ဒီလိုနဲ့
နာနာကြင်ကြင်
အိပ်စက်ခဲ့ရတဲ့
ညတွေ...
များပြီ......။
လင်းဝေ (ရွှေဘို)
No comments:
Post a Comment