Tuesday, January 3, 2017
ခေါင်းဆောင်ကောင်းဆိုတာ
"ခေါင်းဆောင်ကောင်းဆိုတာ"
တာဝန်သိစိတ် တာဝန်ယူစိတ် အပြည့်ရှိရမယ်
တက်တက်ကြွကြွ ရှိရမယ်
နှံ့နှံ့စပ်စပ် သိရမယ်
ကိုယ့်နောက်လိုက်တွေပေါ် သနားကြင်နာမှု ရှိရမယ်
အခက်အခဲတွေကို သည်းခံနိုင်စွမ်း ရှိရမယ်
အပြစ်ပြောတတ်တဲ့ ပါးစပ်တစ်ပေါက်ထက် နားထောင်တတ်တဲ့ နားတစ်စုံ ရှိရမယ်
အမှားအမှန် အကောင်းအဆိုးတွေကို ချင့်ချိန်နိုင်စွမ်း ရှိရမယ်
အကောင်းမြင်စိတ် ရှိရမယ်
ဆုံးဖြတ်ချက်တွေ ပြတ်သားရမယ်
ကိုယ့်နောက်လိုက်တွေရှေ့က မားမားမတ်မတ်ရပ်ပြီး ရှေ့ဆောင်လမ်းပြနိုင်စွမ်း ရှိရမယ်
ကိုယ့်အလုပ်ကိုယ် လေးစားရမယ်
ကိုယ်ချင်းစာတရား ပြည့်ဝရမယ်
ရိုးသားဖြောင့်မတ်ပြီး ကတိတည်ရမယ်
နောက်လိုက်တွေနဲ့ တသွေးထဲတသားထဲ ဖြစ်နေရမယ်
ထူးချွန်တဲ့ နောက်လိုက်ကောင်းတွေကို နေရာပေး ချီးမြှောက်ရမယ်
လင်းဝေ
ဘာအရေးကြီးသလဲ
"ဘာအရေးကြီးသလဲ"
နေရာက အရေးမကြီးဘူး
ဘယ်လိုနေသလဲ ဆိုတာက အရေးကြီးတယ်
အရည်အချင်းရှိတဲ့လူတယောက်အတွက်
ရောက်တဲ့နေရာဟာ
ကိုယ့်အတွက် နေရာကောင်းပါပဲ
ပတိရူပ ဒေသဝါသောစ တဲ့
ကိုယ်နဲ့ သင့်တော်တဲ့အရပ်ဒေသကို
ရွေးချယ်တတ်ဖို့တော့လိုတယ်
လူညံ့တွေက ပတ်ဝန်းကျင်အတိုင်းလိုက်ပြီး
ပြောင်းလဲတတ်ကြတယ်
လူတော်တွေကတော့ သူတို့ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်နိုင်တယ်
လူတော် လူကောင်းများ ဖြစ်ကြပါစေ
လင်းဝေ
နေရာက အရေးမကြီးဘူး
ဘယ်လိုနေသလဲ ဆိုတာက အရေးကြီးတယ်
အရည်အချင်းရှိတဲ့လူတယောက်အတွက်
ရောက်တဲ့နေရာဟာ
ကိုယ့်အတွက် နေရာကောင်းပါပဲ
ပတိရူပ ဒေသဝါသောစ တဲ့
ကိုယ်နဲ့ သင့်တော်တဲ့အရပ်ဒေသကို
ရွေးချယ်တတ်ဖို့တော့လိုတယ်
လူညံ့တွေက ပတ်ဝန်းကျင်အတိုင်းလိုက်ပြီး
ပြောင်းလဲတတ်ကြတယ်
လူတော်တွေကတော့ သူတို့ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်နိုင်တယ်
လူတော် လူကောင်းများ ဖြစ်ကြပါစေ
လင်းဝေ