တကယ်တော့
ကျနော်ဟာ
ဘာမှမဟုတ်ပါဘူး...
အဲဒီလို
ဘာမှ မဟုတ်ဘူးဆိုတာကို
သိနေမိတဲ့
အချိန်ကလေးတွေဟာ...
ကျနော့် စိတ်ကို
အေးချမ်းစေတယ်...
ဒါပေမယ့်...
တခါတလေ
အဲဒီ
ဘာမှ မဟုတ်ဘူးဆိုတာကိုပဲ
ကျနော်
ခဏခဏမေ့နေမိပြန်တယ်...
တကယ်တော့
ကျနော်တို့ဟာ
ဘာမှမဟုတ်တာကိုပဲ
အဟုတ်ထင်ပြီး
လောဘ
ဒေါသ
မောဟ...တွေနဲ့
ပူလောင်မွန်းကြပ်နေကြတာ
မဟုတ်ပေဘူးလား...?
ပြဇာတ်တစ်ပုဒ်လို
လောကဓံတရား ဆိုတဲ့
ဇာတ်ဆရာအလိုကျ
ငိုရ ရယ်ရ
မောလျခဲ့သမျှ
ပိတ်ကားအချ
ဘယ်လို
ဇာတ်သိမ်းရမလဲဆိုတာ
ဘယ်သူသိနိုင်မှာလဲ...?
တကယ်တော့
ဘယ်သူ့ဘယ်သူမှ
ဘာမှမဟုတ်ခဲ့ကြပါဘူး...
တနေ့နေ့မှာ
ကျနော်ဟာ
စကြာဝဠာကြီးရဲ့
အမှုန်ကလေးတမှုန်အဖြစ်
သံသရာဝဲဂယက်မှာ
ပျက်စီးပျောက်ကွယ်ရဦးမှာပါ...
လင်းဝေ